ညောင်ဦး ၁၇ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ယခုနှစ် မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်ရေးအတွက် သစ်ပင်များ စိုက်ပျိုးနိုင်ရန် အမှတ်(၁)နယ်မြေ၊ သာယာဝတီရပ်ရှိ ချောက်ဘုရားလှ အမြဲတမ်းပျိုးဉယျာဉ်တွင် ပျိုးပင်ပေါင်း ၉၆၇၁၈ ကျော် အဆင်သင့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ညောင်ဦးမြို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် စိုက်ပျိုးနိုင်ရန် အခြားစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ဧက(၇၅) ၊ ကျေးရွာသုံးထင်း ဧက(၅၀) ၊ ရေဝေ ရေလဲစိုက်ခင်း ဧက (၅၀) ရှိကြောင်း၊ ၎င်းစိုက်ခင်းများတွက် ဒဟတ်(၄၈၃၆၀) ပင်၊ ယူကလစ် (၂၇၇၅၆) ပင်၊ ရှား(၁၃၃၄၈) ပင်၊ မဲဇလီ(၆၀၇၅) ပင်၊ ဝါး(၁၁၇၉) ပင် စုစုပေါင်း (၉၆၇၁၈) ပင် ပျိုးထောင်ထားပြီး၊ ပျိုးပင်ပေါင်း (၂၀ဝ၀ဝ) ကျော်အား မိုးကျလာပါက အဆင်သင့် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ခင်းများသို့ သယ်ဆောင်ထားပြီးဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောခေါင်း ဦးသောင်းကြိုင်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


