လက်ပံတန်း ၁၇ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မဟာဒုတ် ဆွမ်းဆန် စိမ်းလောင်းလှူ အသင်းကြီးမှ (၉၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအား ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့မှစ၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအရောက် လိုက်လံဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုအချိန်ကာလကသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် ဖြစ်သည့်အတွက် မြို့နယ်သံဃနာယက ဥက္ကဌဆရာတော် ဦးကေသရ (အောင်သုခကျောင်းတိုက်၊ လမ်းမတော်လမ်း၊ မင်းရပ်ရပ်ကွက်)အားအမှူးထား၍ ဂိုဏ်း ပေါင်းစုံ ဆရာတော်ကြီး များ၏သြဝါဒအရ မြို့နယ်အတွင်း ဘုန်းကြီးကျောင်း ၁၅၁ ကျောင်း၊ သီလရှင် ကျောင်း(၄) ကျောင်း၊စုစုပေါင်း(၁၅၅) ကျောင်းတို့အား ပဒေသာပင်(၁) ပင်၊နှင့် ဆွမ်းဆန်(၁)တင်းအိတ် စီဖြင့် ၊စုစုပေါင်း တန်ဖိုးငွေ (၂၄၉၇၃၄၀ဝ)ကျပ်တို့အား ဘီးလင်းတန်းရပ်ကွက် ဘုရားကြီးကျောင်းတိုက်တွင် စုရပ်ပြုလုပ်၍ လည်းကောင်း၊ နီးစပ်ရာ ကျေးရွာအုပ်စုအလိုက် ဘုန်းကြီးကျောင်း များတွင်စုရပ်ပြုလုပ်၍ ဘုန်းကြီးကျောင်း တစ်ကျောင်းလျင် တစ်ပါးသာကြွရောက်ပြီး ကျေးရွာအုပ်စု ဘုန်းကြီးကျောင်း များတွင် စုရပ်ပြု လုပ်၍ ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များနှင့်အညီ ဆက်ကပ် လောင်းလှူခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကျန်ဘုန်းကြီးကျောင်းများအား ဆက်လက် လောင်းလှူပေးသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဝင့်နန္ဒာဌေး


