ငွေဆောင် ၁၇ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကာလတွင် မော်တော်ယာဉ်လိုင်းများကို ဧပြီလ ၉ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းထားခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် ငွေဆောင်- ပုသိမ် မော်တော်ယာဉ်လိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
မေလ ၁၆ ရက်မှစ၍ ငွေဆောင်- ပုသိမ် ပြေးဆွဲသည့် မော်တော်ယာဉ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေပြီး စနစ်တကျ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မူမူ (ပြန်/ဆက်)


