ရှားတော ၁၇ မေ
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌနှင့် ကော်မတီဝင်များက ယနေ့နံနက်ပိုင်း၌ လူသွားလူလာများသည့် မြို့တွင်း ဘုရင့်နောင်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျလမ်း တို့တွင် ပြည်သူများ မဖြစ်မနေ Mask တပ်ဆင်ရေးကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် ကော်မတီဝင်များက ပူးပေါင်း၍ မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေသော ပြည်သူ(၁၆)ဦးအား အရေးယူဆောင်ရွက်သည့်အနေဖြင့် Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝ)ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထွန်းအောင်(ပြန်/ဆက်)


