အမ်း ၁၇ မေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ပြည်ပမှပြန်လည်ရောက်ရှိလာသူများကို အထက(၁) ကျောင်း၌ (Facility Quarantine)ထားရှိရာ သတ်မှတ်ရက်(၂၁)ရက်ပြည့်၍ မေလ(၁၇)ရက် နံနက်(၈) နာရီက မိမိနေရပ်သို့ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
အထက(၁)ကျောင်း၌ (Facility Quarantine)ထားရှိသော စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ ကျောက်ဖြူ၊ ဇင်ချောင်း၊ မအီ စသည့်မြို့နယ်များမှ ဒေသခံပြည်သူ(၃၇)ဦးအား သတ်မှတ်ရက် (၂၁)ရက်ပြည့်၍ မိမိနေရပ်သို့ပြန်လည် စေလွှတ်ပေးခဲ့သည်။
(CBFQ)ကာလအတွင်း ညွန်ကြားချက်များနှင့်အညီနေထိုင်မှုကြောင့် ၎င်းတို့ကို (Facility Quarantine)ထားရှိရာ သတ်မှတ်ရက်(၂၁)ရက် ဝင်ရောက်ပြီးကြောင်း ထောက်ခံချက်လက်မှတ်များကို အမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်၊ မြို့နယ်ဆေရုံအုပ်ကြီး ဒေါက်တာအောင် ကျော်မိုး၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးကော်မတီအဖွဲ့တို့က နေအိမ်တွင်(Home Quarantine) (၇)ရက် နေထိုင်ရမည်ဖြစ်ကြောင်း၊ ညွန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အားပေးစကားပြောကြားခဲ့ပြီး မြို့နယ်မော်တော်ယဉ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ မျိုးချစ်သူယာဉ်လိုင်းဖြင့် ပူးပေါင်းစီစဉ်ကာ သက်ဆိုင်ရာ ဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း(မြို့နယ်ပြန်/ဆက်)


