ကျိုက်မရော  မေ  ၁၇

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် မိုးဦးနောက်ကျပြီး ပူပြင်းသော နေပူရှိန်ကြောင့် ရေတွင်း ရေကန်များ အားလုံးနီးပါး ခန်းခြောက်ကုန်သောကြောင့် ကျေးရွာ ပြည်သူလူထုများအနေဖြင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရသဖြင့် ယမန်နေ့ ညနေပိုင်းက ကျိုက်မရော လူငယ်ပရဟိတ အဖွဲ့ခေါင်းဆောင် ဦးစောထူးလေးနှင့်အဖွဲ့များက ကရင်တောအပေါ်ရွာရှိ အိမ်ခြေ ၁၆၀၊ လူဦးရေ ၄၆၉ ဦး အတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးပရဟိတအဖွဲ့ပိုင် ရေသယ်ယာဉ် နှစ်စီးဖြင့် သောက်သုံးရေဂါလန် ၂၂၀ဝကို  အိမ်တိုင်ရာ ရောက်လိုက်လံဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အတ္တရံမြစ်ကမ်းနားပိုင်းရှိ သောက်ရေကန်ကိုအမှီပြု သုံးစွဲနေကြသော အိမ်ထောင်စု များကလည်း အဆိုပါမြေသားရေကန်မှာ ပူပြင်းသောအပူရှိန် ကြောင့် ခန်းခြောက်သွားတော့ အတ္တရံမြစ်ထဲက ရေတွေကို ကြိုချက်သောက်သုံးနေရသဖြင့် သောက်ရေ ဂါလန် ၁၆၀ဝ ကို ပရဟိတ အဖွဲ့ပိုင် ယာဉ်များဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)