လမ်းမတော် ၁၇ မေ

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊အမှတ် ၉ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ သူနာပြု တက္ကသိုလ် လေးထပ်ဆောင် အသစ်အရှေ့မျက်နှာများ အကြီးစားပြိုကျမှု ယနေ့မွန်းတည့် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။

 

အဆိုပါ လေးထပ်ဆောင်အား ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် ၂.၉.၂၀၁၃ နေ့တွင် ဒေါက်တာ ဖေသက်ခင်မှ ဖွင့်လှစ်ထားကြောင်းမှတ်တမ်းအရ သိရှိရပါသည်။

 

ထိုကဲ့သို့ ဖြစ်ပွားချိန်တွင် သဘာဝဘေအန္တရာယ်ဖြစ်ပေါ်ခြင်း မရှိဘဲ အဆောက်အဦး ၏ ဘယ်ဘက် ထိပ်ပိုင်းမှ စတင်ပြိုခဲ့ခြင်း၊ အသံများမြည်ခဲ့၍ ထွက်ပြေးခဲ့ရကြောင်း ကျောင်းလုံးခြုံရေးမှ ပြောကြားပါသည် လူထိခိုက်မှုများ မရှိခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်ဆန်းမြင့် (ပြန်ဆက်)