၁၇ မေ
တောင်သူလယ်သမားများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ထားဝယ်မြို့တွင် ဖွဲ့စည်းထားသော သက်တန့်ရောင်လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်က ထွန်စက်(၃)စီး၊ ရိတ်သိမ်းခြွေလှေ့ စက်(၉)စီးဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရန် မြေသားများပြုပြင်ပေးခြင်း၊ တမန်နိုးခြင်း၊ အလေအလွင့် အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Daedong RX 7630 ထွန်စက်(၃)စီးကို လယ်ယာပြုပြင်ခြင်းလုပ်ငန်းနှင့် လယ်ယာမြေ ထွန်ယက်ခြင်းလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် လယ်ဧက(၇၀၀) နှင့် ရေဖြူမြို့နယ်တွင် လယ်(၂၀၀)ဧက၊ စုစုပေါင်းဧက(၉၀၀) ကျော် ထွန်ယက် ပြုပြင်ပေးခဲ့သည်။
ရိတ်သိမ်းခြွေလှေ့စက်(၉)စီးဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရေဖြူ မြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကန်ကြီးဒေါင့်မြို့နယ်များတွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းလယ်(၁၃၅၀)ဧကခန့်နှင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လယ်ဧက (၃၁၅၀) ခန့်၊ စုစုပေါင်းလယ်(၄၅၀၀)ဧကခန့် တို့ကို ရိတ်သိမ်းခြွေလှေ့ပေးခဲ့ကြောင်းနှင့် တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ လယ်ယာမြေများအား မိုးစပါးအချိန်မီထွန်ယက် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများအတွက် နေရာဒေသမရွေး သင့်လျော်သောဈေးနှုန်းဖြင့် အခက်အခဲမရှိ ဝန်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာန ဖုန်း ၀၅၉-၂၁၀၇၅၊ ဦးသိန်းဝင်း (ဥက္ကဋ္ဌ) သက်တန့်ရောင်လယ်ယာ ဖုန်း ၀၉-၂၅၉၉၈၄၆၀၆၊ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်း တို့ဖြစ်သည်။
သတင်းစဉ်


