ရေး ၁၇  မေ

 

၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေးနှစ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလရန်ပုံငွေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်အတွင်းရှိ ကရွန်ကျေးရွာနှင့် ဘဲလမု ကျေးရွာ တို့တွင် တင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ရေပေးရေးလုပ်ငန်းများမှာ (၈၅)ရာခိုင်နှုန်းခန့် ပြီးစီးနေမှုကို ရေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခွာညိုဌေးနှင့် အင်ဂျင်နီယာဝန်ထမ်းများကမေ ၁၆ ရက် မွန်းလွဲ ၁ နာရီ အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ယင်း ရေးမြို့နယ်အတွင်း၌ The Wall ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေကျပ် ( ၃၉ ဒသမ ၉ ) သန်းဖြင့် ကရွန်ကျေးရွာတွင် ၂ လက်မ PVC ( ၃ / ၄ ) မိုင် ၊ ရေပိုက်ဖြင့်စိမ့်စမ်းရေ သွယ်တန်းခြင်း၊ (၂၅ × ၃ x ၅) ပေရေတားတမံတည်ဆောက်ခြင်း ၊ ရေဂါလံ ( ၅၀၀၀ ) ဆံ့ ၊ (၁၅ x ၁၀ x၆) ပေရှိရေလှောင် ကန် တည်ဆောက်ခြင်း လုပ်ငန်း နှင့် Myanmar Amazing Power ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ( ၃၄ ဒသမ ၆ ) သန်းဖြင့် ဘဲလမုကျေးရွာတွင် ( ၂၅ × ၃ x ၅ ) ပေရှိ ရေတားတမံတည် ဆောက်ခြင်း ၊ ၂ လက်မ PVC ( ၃ / ၀ ) မိုင် ရေပိုက်ဖြင့် စိမ့်စမ်းရေ သွယ်တန်းခြင်း ၊ ( ၁၅ x ၁၀ x ၆ )ပေရှိရေဂါလန် ( ၅၀၀၀ ) ဆံ့ အုတ်ရေလှောင်ကန်တည် ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှာ ( ၈၅) ရာခိုင်နှုန်းကျော်ခန့်ထိ ဆောင်ရွက်ပြီးစီးလျက်ရှိပြီး၊ ယင်းရေပေးရေးလုပ်ငန်းများ အားလုံးပြီးစီးပါက ကရွန်ကျေးရွာနှင့် ဘဲလမုကျေးရွာတို့ရှိ အိမ်ခြေ (၄၂၄ ) ၊လူဦးရေ ( ၂၉၅၅ )ဉီး တို့အား သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေများ လုံလောက်စွာ အကျိုးရှိရှိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခွာညိုဌေး ထံမှပြောပြ၍ သိရသည်။

 

မြင့်ဉီး(မြိတ်)