နမ္မတူ ၁၇ မေ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး၊ သစ်တောများပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝ ဘေးအန္တရာယ်များ လျော့နည်း လာစေရေးအတွက် နမ္မတူမြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးရန် ပျိုးပင်ပေါင်း (၁၀၉၄၀ဝ) ပျိုးထောင်ထားရှိကြောင်း သိရသည်။
ထိုသို့ ပျိုးထောင်ထားရှိရာတွင် နမ္မတူမြို့နယ်အတွင်း လူထုဖြန့်ဝေစိုက်ပျိုးရန် ကျွန်း၊ မယ်ဇလီ၊ ရေသင်း ဝင်၊ မန်ဂျန်ရှားပင် (၂၈၀ဝ၀)၊ မန်တုံမြို့နယ်အတွင်း လူထုဖြန့်ဝေစိုက်ပျိုးရန် ကျွန်း၊ ထင်းရှုး၊ မန်ဂျန်ရှား၊ ထောပတ်ပင် (၁၃၄၀ဝ)၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်း (၄၅၈.၅)ဧကအတွက် မယ်ဇလီ၊ ယူကလစ် ပင် (၆၈၀ဝ၀)၊ အပင် စုစုပေါင်း (၁၀၉၄၀ဝ) အား မိုးရာသီစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း နမ္မတူ မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးချမ်းမြေ့အောင်၏ ပြောကြားချက်အရ သိရသည်။
လူမော် (ပြန်/ဆက်)


