ရန်ကုန် ၁၇ မေ 

 

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများ စားသောက်ရေး အခက်အခဲမရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မယ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ က ရဲမှုထမ်းဟောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ (၄) မယ် ထောက်ပံ့ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ရဲမှုထမ်းဟောင်း (၂၃၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခအမယ် (၄) မျိုး ထောက်ပံ့ပေးအပ်ရာ ရဲမှုထမ်းဟောင်းတစ်ဦးက လက်ခံရယူသည်။

 

ထို့နောက် ရဲမှုထမ်းဟောင်းများကိုယ်စား ရဲအရာခံ သန်းထွန်း (အငြိမ်းစား) က ကျေးဇူးတင်စကား ပြောကြားသည်။

 

ယနေ့ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရဲမှုထမ်းဟောင်းများသို့ ရိက္ခာ(၄)မယ် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား၌ ရဲမှုထမ်းဟောင်းတစ်ဦးလျှင် (၁၆) ရက်စာ စားသုံးနိုင်ရန်အတွက် ဆန်(၂၆) ပေါင်၊ ဆီ (၃၂) ကျပ်သား၊ ဆား (၂၈) ကျပ်သား၊ ပဲ (၄၈) ကျပ်သား အမယ် (၄) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်