တောင်တွင်းကြီး  ၁၇  မေ 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အုန်းတော(၂)ရပ်ကွက်၊ အပိုင်း(၄)နေ ပြည်သူများ သောက်သုံးရေ အခက်အခဲ မဖြစ်စေရေးအတွက် ယနေ့ ညနေ ၄ နာရီက သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမှတ်(၁၀၃) ခြေမြန်တပ်ရင်းတို့ ပူးပေါင်း၍ သောက်ရေ သုံးရေ လိုအပ်လျှက်ရှိသည့် အုန်းတော(၂)ရပ်ကွက် အပိုင်း(၄)နေ ပြည်သူများအတွက် သုံးရေဂါလန် (၂၈၀၀)၊ သောက်ရေသန့် ဂါလန် (၃၀၀) စုစုပေါင်း ရေဂါလန် (၃၁၀၀)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)