ပခုက္ကူ ၁၇ မေ
ပခုက္ကူမြို့၊ မြန်မာ့မီးရထား၊ ပခုက္ကူဘူတာမှ အခြေစိုက်ပြေးဆွဲနေသည့် လမ်းကြောင်း (၄)ခုကို မေ ၃၁ ရက်နေ့အထိ ပြေးဆွဲခြင်း ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့မှ မုံရွာ၊ ဆိပ်ဖြူ၊ ကျော၊ တန့်ကြည့်တောင် ဘူတာများသို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်များကို မေ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရပ်နားကြောင်း တရားဝင် ကြေညာထားခဲ့ပြီး ယခုအခါ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် ဧပြီ ၃၀ ရက်နေ့အထိ ရပ်နားရက် တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း ပခုက္ကူဘူတာရုံပိုင်ကြီး၏ ပြောကြားချက်အရ သိရသည်။
အလားတူ ပခုက္ကူ-နေပြည်တော် ပြေးဆွဲနေသော ရထားကို မတ် ၃၁ ရက်မှစ၍ ပြေးဆွဲမှုရပ်ထားကြောင်း သိရသည်။
ကိုဇော်(ဓာတု)


