ဓနုဖြူ ၁၇ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာမြောက် ကျေးရွာ၌ ကျေးရွာခြင်းဆက် ကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးသန့်ဇော်လွင် ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် တာဝန်ရှိသူများက အင်္ဂလာမြောက်ကျေးရွာ အုတ်စီသံဘောင် ကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ အချက်များအား အကြံပြု ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ အုတ်စီသံဘောင် ကွန်ကရစ်တံတား အရှည် ၂၀ ပေ၊ အကျယ် ၁၄ ပေ၊ ၁၅ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၇၄ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် မေလ ပထမပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


