နေပြည်တော် ၁၇ မေ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြု ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဒေါနရိပ်သာ၌ NCA လက်မှတ်ရေးထိုးထားသော (NMSP) (မွန်)အဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေးအပ်လှူဒါန်းပွဲတွင် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုမောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်က လှူဒါန်းသည့် PPE ဝတ်စုံ ၂၀၀ ၊ Surgical Mask ၅၀၀၀ ၊ Hand Gel ၂၀၀ ၊ ခွဲစိတ်ခန်းသုံး လက်အိတ် (Surgical Gloves) ၃၀၀၀ ၊ မျက်မှန် (Goggles) ၁၀၀ နှင့် ပိုးသတ်ဆေးဖျန်းပုံး ၂ ပုံးတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


