နမ္မတူ ၁၇ မေ
နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်ရှိ IDP စခန်း(၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အဝတ်နှာခေါင်းစည်းနှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ IDP စခန်း၊ ကချင် IDP စခန်းနှင့် လီဆူး IDP စခန်းတို့၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ်အတွင်းရှိ လီဆူ (IDP) စခန်းရှိ အိမ်ထောင်စု(၃၀) လူဦးရေ (၁၂၈)ဦးအတွက် Hand Gel (၆၀)ဘူး၊ အဝတ်နှာခေါင်းစည်း (၂၅၆)ခုကိုလည်းကောင်း၊ ကချင် (IDP)စခန်းရှိ အိမ်ထောင်စု (၃၈)စု၊ လူဦးရေ (၁၅၆)ဦးအတွက် Hand Gel (၇၆)ဘူး၊ အဝတ်နှာခေါင်းစည်း (၃၁၂)ခုကိုလည်းကောင်း၊ ကြူဆော့ (IDP)စခန်းရှိ အိမ်ထောင်စု (၆၁)စု၊ လူဦးရေ (၂၈၅)ဦးအတွက် Hand Gel (၁၂၂)ဘူး၊ အဝတ်နှာခေါင်းစည်း (၅၇၀) ခုအား လည်းကောင်း၊ စုစုပေါင်း Hand Gel (၂၅၈)ဘူးနှင့် အဝတ်နှာခေါင်းစည်း (၁၁၃၈)ခု ထောက်ပံ့ပေးအပ်ခဲ့ပြီး စခန်း တစ်ခုချင်းစီ၌ အဝတ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုနည်း ဗွီနိုင်းကပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


