နေပြည်တော် ၁၇ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ (၂)ရပ်ကွက်နေ ဝင်းမျိုး(၂၅)နှစ်နှင့် အဖွဲ့သည် မေ ၁၆ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်က ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာအနီး၊ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်၌ တံတားအုတ်မြစ်ချရန် မြေတူးနေစဉ် ၃၆ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့သဖြင့် အဆိုပါ လက်ပစ်ဗုံးအား တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးကာ သက်ဆိုင်ရာ နယ်မြေခံတပ်တွင် သိမ်းဆည်းရန် သယ်ဆောင်သွားကြောင်း သိရသည်။
(ရဲပြန်ကြား)


