နေပြည်တော်  ၁၇  မေ

 

နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည်တစ်ဦးတွင် ဓာတ်ခွဲ အတည်ပြုချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရကြောင်းနှင့် ၎င်းစစ်သည်ကို တပ်မတော်မှ ကြိုတင်စီစဉ်ထား သည့် ကိုဗစ်-၁၉ ရောဂါ အထူးကုသရန် သတ်မှတ်ထားသော ဆေးရုံ၌ ကုသမှုခံယူစေလျက်ရှိကြောင်း မေ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 

၎င်းစစ်သည်ကို လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကုသမှု လုပ်ငန်းလမ်းညွှန်ချက် များအတိုင်း ရောဂါပိုးတွေ့ရှိရသော အတည်ပြုကာလရက်မှ ၁၁ ရက် ပြည့်မြောက်ခဲ့သော မေ ၁၅ ရက်နှင့် ၁၃ ရက် ပြည့်မြောက်ခဲ့သော ယနေ့ (မေ ၁၇ ရက်) တို့တွင် ၎င်းစစ်သည်၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ရယူ၍ နှစ်ကြိမ်ဆက်တိုက် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ခဲ့ကြောင်း၊ ၎င်းစစ်သည်ကို ရောဂါကုသမှုလုပ်ငန်း လမ်းညွှန်ချက်များအတိုင်း သတ်မှတ်ထားသော ဆေးရုံတွင် မေ ၁၈ ရက်မှစ၍ Hospital Quarantine ၁၄ ရက် ထပ်မံထားရှိ၍ စောင့်ကြည့်ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မ‌တော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်