၁၇ မေ

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဒူဝေဟာ တဲလ်အဗစ် မြို့အစွန်ရှိ သံအမတ်နေအိမ်မှာ သေဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၅၇ နှစ်အရွယ် သံအမတ်ဟာ ဖေဖော်ဝါရီလ လယ်ပိုင်းက အစ္စရေးနိုင်ငံကို ရောက်ရှိခဲ့ပြီး သူ့နေအိမ်မှာ ကွယ်လွန်နေတာကို တွေ့ရကြောင်း  ရဲတပ်ဖွဲ့ရဲ့ပြောခွင့်ရသူ မစ်ကီ ရိုဆန်ဖီးက သတင်းဌာနကို ပြောပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို လုပ်ရိုးလုပ်စဉ်အတိုင်း ရောက်နေတာဖြစ်ပေမယ့် သံအမတ်သေဆုံးမှုကို စုံစမ်းသွားမှာ မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

mdn

 

သံအမတ် ဒူရဲ့ ဇနီးနဲ့ သားဟာ အစ္စရေးမှာ ရှိမနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ အကြောင်းအရာ အသေးစိတ်ကို သိမှသာ တစ်စုံတစ်ရာ ပြောကြားမယ်လို့ ပြောပါတယ်။

သံရုံးဝက်ဆိုဒ်အရ သံအမတ်ဒူဟာ အရင်က ယူကရိုန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးကြောင်း သိရပါတယ်။

သံအမတ်ဟာ အိပ်ယာထဲမှာ သေဆုံးနေကြောင်း ဝန်ထမ်းက တွေ့ရှိခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံထားရတဲ့ပုံစံမရှိ ကြောင်း Haaretz နေ့စဉ်သတင်းစာမှာ ကနဦးသတင်းအနေနဲ့ ရေးသားထားပါတယ်။

အစ္စရေးကျန်းမာရေး အရေးပေါ်ဌာနအပြောအရ နှလုံးရောဂါကြောင့် သေဆုံးကြောင်းပြောပြီး အသေးစိတ်ပြောဖို့ ငြင်းဆိုပါတယ်။

ဒေသတွင်းသတင်းဌာနတွေမှာ သံအမတ်ဒူ အစ္စရေးနိုင်ငံကို ရောက်ရှိစဉ်မှာ သီတင်းနှစ်ပတ် နေအိမ်သီးခြားခွဲပြီး နေထိုင်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဧပြီ ၂ ရက်နေ့ထုတ် နာမည်ကြီး  Israel Hayom သတင်းစာရဲ့ အယ်ဒီတာအာ့ဘော်မှာ သံအမတ်ဒူရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဗိုင်းရပ်စ်ကို ကုသခြင်းဖြစ်တယ် ခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားခဲ့ကြောင်း သိရပါတယ်။

 

MDN
ကိုးကား- AFP