mdn

(၁၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၃၀)နာရီ


 

၁။ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၉၀) ခုအား (၁၇-၅-၂၀၂၀) ရက်နေ့ ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရပါသည်။

 

၂။ သို့ဖြစ်ပါ၍ (၁၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၇) ဦးရှိပြီဖြစ်ပါသည်။

 

၃။ (၁၈-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၇) ဦးရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

mdn

 

mdn

 

၅။ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၀) ခုတို့အား စစ်ဆေးခဲ့ပါသည်။