ညောင်ဦး ၁၈ မေ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း အထောက် အကူဖြစ်စေရန် မြတ်လေးမွန် စားသောက်ဆိုင်မိသားစုမှ အမှတ်(၅) နယ်မြေ မင်္ဂလာသာစည် ရပ်ကွက် အတွင်းရှိ လက်လုပ်လက်စားပြည်သူ ၄၅၀ ဦးခန့်အား ထမင်းနှင့် ဟင်း ၅ မျိုးပါ တစ်ထုပ်ကို ငွေကျပ် ၃၀ဝ ဖြင့် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကုသိုလ်ရှင်မိသားစုများနှင့်အတူ ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီရေးအဖွဲ့ချုပ် ပရဟိတအသင်း အဖွဲ့ဝင်များကလည်း လုပ်အားဒါနအဖြစ် ပါဝင်လုပ်အား ပေးခဲ့ကြသည်။ ထို့ပြင် အိမ်ထောင်စုများအလိုက် ရောင်းချရာတွင် မရရှိသည့်အိမ်ထောင်စုဦးရေ ၃၀ ခန့်အတွက် တစ်အိမ်ထောင်လျှင် အချိုရည် ၂ ဘူးနှင့် ပေါင်မုန့်တစ်လုံးတို့ကို လည်းကောင်း၊  ရပ်ကွက် အဝင်အထွက် ဂိတ်စောင့်များအတွက် အချိုရည်နှင့် မုန့်များကို လည်းကောင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)