ကြို့ပင်ကောက်   ၁၈   မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေ ၁၇ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် နေအိမ် ၆ လုံးနှင့် မီးပွိုင့်တစ်ခု ပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတင်(၁)လမ်းထောင့်ရှိ မီးပွိုင့်တစ်ခု၊ ကျေးတော ကျေးရွာတွင် နေအိမ်တစ်လုံး၊ ဂုမ္မကွင်း(အရှေ့စု)ကျေးရွာတွင် နေအိမ်တစ်လုံး၊ ဖုန်းစိုးစုကျေးရွာတွင် နေအိမ်တစ်လုံး၊ လက်ပံဖြူကျေးရွာတွင် နေအိမ်နှစ်လုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး ရွာမမြောက်ရပ်ကွက် အေဝမ်းဆန်စက်ဝန်းအတွင်း ပြိုလဲနေအိမ်တစ်လုံးတို့ ဖြစ်ပွားခဲ့သည်။

 

လေပြင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသော အိမ်ထောင်စု ၆ စုမှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၃၄ ဦးတို့ကို နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တို့တွင် ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)