မိုင်းပျဉ်း ၁၈ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကို ယာယီပျံကျဈေးနှင့် လူသွားလမ်းဆုံ နေရာများတွင် ယနေ့နံနက် ၆ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် စနစ်တကျလက်ဆေးနည်းများ၊ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အနုပညာရှင်များ၏ အသိပေးစကားသံများ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများ အစရှိသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ သိရှိလိုက်နာရမည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်


