ဆီဆိုင် ၁၈ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၂၇၁၅၇)အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။

 

အဆိုပါပျိုးပင်များကို ဆိုက်ခေါင်ပျိုးဥယာဉ်၌ ပျိုးပင် ၆၄၀ဝ၀၊ နောင်ထော်ပျိုးဥယာဉ်၌ ပျိုးပင် ၁၂၁၂၀ဝ နှင့် ပန်ကန်းပျိုးဥယာဉ်၌ ပျိုးပင် ၄၁၉၅၇  စုစုပေါင်း ပျိုးပင်(၂၂၇၁၅၇)တို့အား ပျိုးထောင်ထားရှိပြီး ပျိုးပင်များမှာ လျှော်ဖြူ(၇၅၈၅၀)၊ ကျွန်း(၅၉၅၀ဝ)၊ ထင်းရှူး(၁၂၅၅၀)၊ မယ်ဇလီ(၁၄၅၅၀)၊ အော်ရီရှား(၆၃၀ဝ)၊ ရေသင်းဝင်(၂၇၂၀ဝ)၊ စိန်ပန်းပြာ(၂၀ဝ၀)၊ ယူကလစ်(၅၄၅၇)၊ မန်ဂျန်ရှား(၁၅၀ဝ)နှင့် ထောပတ်(၂၂၂၅၀)တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ သစ်ပင်စိုက် ပွဲတော်များ၊ မိမိနေအိမ်ခြံဝင်းများ၌ စိုက်ပျိုးလိုသူများတို့အား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)