ကျောက်ဆည် ၁၈ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဇရစ်ခဲကျေးရွာရှိနေအိမ်များအား ယနေ့မှစတင်၍ ရွာလုံးကျွတ် အိမ်သုံးဆိုလာများ တပ်ဆင်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ထိုသို့တပ်ဆင်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အိမ်သုံးဆိုလာများ တပ်ဆင်ပေးရခြင်း၏ အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ အခြားတင်ပြသည့် လိုအပ်ချက်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင် ရေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အိမ်သုံးဆိုလာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကျောက်ဆည်မြို့ရှောင်လမ်း ရန်ပုံငွေမှ သုံးစွဲခဲ့ကြောင်းသိရှိရပြီး ဇရစ်ခဲကျေးရွာတွင် အိမ်ခြေ(၃၇)အိမ်အတွက် ဆိုလာ(၃၇)ခုအပြင် ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်တော်ကြီးကျောင်းအတွက်(၁)ခုစီ၊ စုစုပေါင်း(၃၉)ခုဖြစ်ပြီး ဆိုလာတစ်ခုလျှင်ငွေကျပ် (၃)သိန်းခုနှစ်ကျပ် တန်ဖိုးရှိကြောင်းလည်း သိရှိရသည်။
သက်မောင်(ခရိုင် ပြန်-ဆက်)


