ကျောက်ဆည်    ၁၈   မေ

 

ကျောက်ဆည်မြို့နယ်၊ ပွတ်တိုင်ကျေးရွာတွင်စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နွေနှမ်းစိုက်တောင်သူများသည် ဧက(၆၀ဝ) ကျော်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

တောင်သူများအနေဖြင့် နွေနှမ်းများစိုက်ပျိုးရာတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လဒုတိယပတ်တွင် စတင် စိုက်ပျိုးကြရာနှမ်းမျိုး များစွာရှိသည့်အနက် နှမ်းဖြူနှင့်နှမ်းနက်များကို အဓိကထားစိုက်ပျိုးကြပြီး တစ်ဧကလျှင် နှမ်းနှစ်ပြည်နှုန်းဖြင့် နှမ်းတစ်ပြည်ကို ငွေကျပ်(၆၀ဝ၀)ပေး၍ ဝယ်ယူရကြောင်း တစ်ဧက(၁၂)တင်း ထွက်ရှိပြီး နှမ်းဖြူ(၁)တင်းလျှင် ငွေကျပ် (၄၀ဝ၀ဝ)နှုန်း ရောင်းချရကြောင်း သိရသည်။

 

''နွေနှမ်းများစိုက်ပျိုးပြီး ၂၀၂၀ပြည့်နှစ်၊ ဇွန်လဆန်းပိုင်းတွင် ရိတ်သိမ်းကြရမည်ဖြစ်ရာ ယခုနှစ်သည်နှမ်း သီးနှံအကြိုက်မိုးအသင့်အတင့် ရွာသွန်းမှုကြောင့် နှမ်းစိုက်ပျိုးခြင်း၊ရိတ်သိမ်းခြင်း၊ နှမ်းစေ့များကိုခါခြင်းများ ဆောင်ရွက်ရာတွင် တစ်ဧက ကုန်ကျငွေ(၇၂၀ဝ၀)ရှိကြောင်း တစ်ဧက(၁၂)တင်း ထွက်ရှိရာ(၁)တင်းလျှင် နှမ်းများရောင်းချရချိန်၌ ငွေကျပ်(၄၀ဝ၀ဝ)ရရှိသောကြောင့် နွေနှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပွတ်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦး အောင်ကျော်မြင့်'' က ပြောပြ၍ သိရသည်။

 

တင်တင်ထွေး(ပြန်/ဆက်)