ဖျာပုံ ၁၈ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် ယခုနှစ် မိုးရာသီ၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနက ဧက ၃၀,၀၄၀ တွင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၂,၈၃၁,၂၀၀ ကို ပျိုးထောင်ထားရှိသည်။
အဆိုပါ ပျိုးပင်များကို ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနက ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ အမာမြို့များရှိ ပျိုးဥယျာဉ်များတွင် စိုက်ပျိုးထားပြီး စိုက်ပျိုးထားသည့်ပျိုးပင်များကို ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊ ဒေသခံပြည်သူလူထုအဖွဲ့ပိုင် စိုက်ခင်းနဲ့ ပုဂ္ဂလိကစိုက်ခင်းများတွင် စိုက်ပျိုးသွားမည် ဖြစ်သည်။
ယခုနှစ် မိုးရာသီအတွက် ရေမြုပ်ခံ အပင်များဖြစ်သည့် သမဲ့ကြီး၊ ဖြူးရွှေဝါ၊ ရေသင်းဝင်၊ မာလာလူးကား၊ မန်ဂျန်ရှား၊ ကျွန်း၊ ပင်လယ်ကဗွီး၊ မအူ၊ ဗာတီဗာ၊ ဝါးနဲ့ ဗန်ဒါပင် စတဲ့ ပျိုးပင်များ ပျိုးထောင်ထားရှိကြောင်း ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦဇော်မင်းထွန်းထံမှ သိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)


