ဝန်းသို ၁၈ မေ

ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရန်နှင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၅ ရွာသို့ မေ ၁၇ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေသည့် သင်တောကျေးရွာ၊ တပ်လွင်ကျေးရွာ၊ ကျောက်တော ကျေးရွာတို့တွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ရေကန်၊ ရေစက်ရုံ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဖီလေးအုပ်စု ကံကုန်းကျေးရွာတွင် စက်ရေတွင်း တူးဖော်ဆောင်ရွက်ဆဲ လုပ်ငန်းကို လည်းကောင်း၊ နမ်းခမ်းအုပ်စု၊ အနောက်စက်ကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို လည်းကောင်း၊ ကျေးရွာရေကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်မြိုင် (ပြန်/ဆက်)