ကွမ်းခြံကုန်း ၁၈ မေ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီ အပူဒဏ်ကြောင့် ရေတွင်း ရေကန်များ ခန်းခြောက်၍ သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသော ကျေးလက်ဒေသများသို့ ဌာနဆိုင်ရာနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်း၍ ရေလှူဒါန်းလျက်ရှိရာ ယမန်နေ့က တော်လန်းကျေးရွာအုပ်စု တော်ဒရဲကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၀၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)