မိုင်းရယ်  ၁၈ မေ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ကျင်းပသည်။

 

ဟောပြောပွဲတွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ကူးစက်မှု ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စနစ်တကျ လက်ဆေးနည်းများကို မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာ က ဟောပြောသည်။

 

ဟောပြောပွဲသို့ တက်ရောက်လာသူများအား  ပေ အကွာ ထိုင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းများကို ပြုလုပ်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

ဆက်လက်ပြီး ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ မိုင်းရယ် ပြည်သူ့စာကြည့်တိုက်တွင် စာငှားအများဆုံးဆုကို ဦးသိန်းဝင်း(ရပ်ကွက်-) ဒေါ်ညိုညို(ရပ်ကွက်-) ဒေါ်ငြိမ်းအိဇာ (ရပ်ကွက်-) တို့က ရရှိရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာ က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)