၁၈ မေ
တချို့နိုင်ငံတွေမှာ ပိုးသတ်ဆေးတွေနဲ့ လမ်းမတွေပေါ်မှာ မကြာခဏ ပက်ဖျန်းနေပါတယ်။ အဲဒီလို ပြုလုပ်ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ကျန်းမာရေးအရ အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စနေနေ့က သတိပေးလိုက်ပါတယ်။
ဗိုင်းရပ်စ်ပိုးကို တုံ့ပြန်တဲ့အနေနဲ့ မျက်နှာပြင်တွေကို ပိုးမွှားကင်းစင်ရေးနဲ့ သန့်ရှင်းအတွက် လမ်းမတွေ၊ ဈေးတွေနဲ့ လဟာပြင်နေရာတွေမှာ ပိုးသတ်ဆေးရည်တွေနဲ့ ပက်ဖျန်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို သတ်နိုင်တယ်ဆိုပြီး လုပ်ဆောင်နေခြင်းကို မထောက်ခံကြောင်း၊ ပိုးသတ်ဆေးရည်တွေဟာ ဖုန်မှုန့်များနဲ့ အမှိုက်သရိုက်များကြောင့် အကျိုးသက်ရောက်နိုင်မှာ မဟုတ်ကြောင်း WHO ရှင်းလင်းထားပါတယ်။
လမ်းတွေနဲ့ လူသွားလမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပေါက်ပွားရာ နေရာအဖြစ် မသတ်မှတ်နိုင်ကြောင်း နဲ့ ပိုးသတ်ဆေးရည်တွေကို ပက်ဖျန်းခြင်းကို အားမပေးကြောင်း ဖော်ပြထားပါတယ်။
ပိုးသတ်ဆေးထဲမှာပါတဲ့ ကရိုရင်းနဲ့ တခြားဓာတုဒြပ်တွေ ပါဝင်တဲ့အတွက် လူတွေရဲ့ မျက်လုံးနဲ့ အသားအရေများ ယားယံခြင်း၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာတွေမှာ ဆိုးကျိုးသက်ရောက်နိုင်ကြောင်းတွေ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပိုးမွားကင်းစင်အောင်လုပ်ရန် အဝတ်အစတစ်ခုကို ပိုးသတ်ဆေးရည်စိမ်ပြီး သန့်ရှင်းပွတ်တိုက်တာမျိုးကို လုပ်ဆောင်နိုင်တယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူပေါင်း ၃၁၆,၈၄၆ ဦး သေဆုံးပြီး လူပေါင်း ၄,၈၁၅, ၂၃၄ ဦးရောဂါကူးစက်ခဲ့ကြောင်း မတ်၁၈ ရက်ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား - AFP