ရန်ကုန် ၁၈ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အနှေးယာဉ် လုပ်သားများနှင့် အခြေခံလူတန်းစားအများစု ရွှေ့ပြောင်းနေထိုင်ကြသည့် နေရာများသို့ နှာခေါင်းစည်း ၁၀၀၀၀ ကို ယမန်နေ့ ညနေ(၄)နာရီက အခမဲ့ဖြန့်ဝေခဲ့သည်။
ထိုသို့ ဖြန့်ဝေရာသို့ အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို့မိမြို့ဖ ဦးသန်းဦး၊ We Love Insein Volunteers အဖွဲ့များနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားများနှင့် အခြေခံလူတန်းစား အများစု ရွှေ့ပြောင်းနေထိုင်ကြသည့် နေရာအချို့သို့ သွားရောက်၍ နှာခေါင်းစည်း အခု ၁၀၀၀၀ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ဇွဲထက်ကို(ပြန်/ဆက်)


