အိမ်မဲ ၁၈ မေ

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင်​မွေးကင်းစ က​လေးငယ်မှစ၍ အသက်(၁)နှစ်ခွဲအထိ ပုံမှန်ကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းနှင့်အညီ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီမှ စတင်ထိုးနှံပေးကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့်အညီ လူစုလူဝေးမဖြစ်အောင် တစ်ရက်လျှင် ကလေးအယောက်(၅၀)သာ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးမည်ဖြစ်ပြီး ကလေးမိဘအုပ်ထိန်းသူများကို နှာခေါင်းစည်းတပ်စဉ်မှသာ သတ်မှတ်နေရာသို့ ဝင်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့က ကလေးတွေကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့နေရာမှာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တဲ့ လုပ်ငန်းနှင့်အညီ ကလေးအုပ်ထိန်းသူတွေကို နှာခေါင်းစည်းတွေ တပ်စေပါတယ်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာကနေ ထိုင်ခိုင်းပြီး က​လေး​တွေကို စနစ်တကျ ထိုးနှံတိုက်ကျွေးပေးပါတယ်” ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင် ပြောသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)