ရန်ကုန်  ၁၈  မေ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် မေ ၁၈ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံရာသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်မတီဝင်များအား စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ပတ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ ဈေးများစနစ်တကျ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊  ပလက်ဖောင်းများ၊ မီးတိုင်များ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရေး၊ မြို့နယ်များဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)