ရန်ကုန် ၁၈ မေ

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံ အဖွဲ့သည် ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျက်ရှိသည့် ရေကူးရေတွန်း စက်ရုံဝင်းအတွင်း ရေပိုက် လိုင်းများ ဆက်သွယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ရေပေးဝေခြင်းလုပ်ငန်းအား ခေတ္တရပ်ဆိုင်းရမည် ဖြစ်သည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်စဉ် မေ ၂၁ ရက် နံနက် ၁ဝ နာရီမှ ည ၁ဝ နာရီအတွင်း မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေအားလျော့နည်းခြင်းနှင့် ခေတ္တ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြပါရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့က အသိပေးကြေညာထား ကြောင်း သိရသည်။

 

သတင်းစဉ်