လွိုင်ကော် ၁၈ မေ

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းဖြစ်သော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌  အသွားအလာ ကန့်သတ်စောင့်ကြည့်သူများအား စောစောရှာ Mobile Application အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့ ညနေ နာရီတွင် ကယားပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုကြီးကြပ်ရေးမှူး ဦးကျော်ဆန်းက လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

 

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ ၁၅ ဦးရှိပြီး ၎င်းတို့အား မိမိတို့ မိုဘိုင်းဖုန်းများတွင် စောစောရှာ Application ရယူနိုင်မည့်နည်းလမ်းများနှင့် အဆိုပါ Application သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုကြီးကြပ်ရေးမှူးက ရှင်းလင်းပြောကြားခဲ့သည်။

 

စောစောရှာ Mobile Application ကို မိမိတို့ဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကြောင့် ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့ခဲ့နိုင်မှုအခြေအနေကို နေရာ၊ အချိန်တို့နှင့် ဆက်စပ်၍ သိရှိနိုင်ခြင်း၊ ရောဂါကူးစက်ခံထားရသူ သွားလာခဲ့သည့် နေရာများစာရင်းကို ယခု Application အသုံးပြုသူများအနက်မှ အဆိုပါနေရာများသို့ သွားလာခဲ့သူများကို သတိပေးချက် ဆောလျင်စွာ ပေးပို့နိုင်ခြင်းကြောင့် မိမိအနေဖြင့် ရောဂါကူးစက်ခံထားရသူနှင့် အတူရှိနေခဲ့ခြင်းနှင့် ထိတွေ့ခဲ့မှု ရှိ/မရှိ ဆောလျင်စွာသိရှိနိုင်ခြင်း၊ ပုံမှန်နေထိုင်စဉ်နှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရသည့် ကာလအတွင်း မိမိ၏ကျန်းမာရေးအခြေအနေကို သတင်းပေးပို့နိုင်သဖြင့် လိုအပ်ပါက ကုသမှုအကူအညီကို ဆောလျင်စွာရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)