နေပြည်တော်   ၁၉   မေ

ယနေ့ ည ၉ နာရီ ၃၅ မိနစ် ၂၉ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် ၂၁ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃ ဒသမ ၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၇၀ ဒီဂရီ၊ အနက် ၉၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းတိုင်းထွာရရှိသည်။

အလားတူ ယနေ့ ညနေ ၄ နာရီ ၀၈ မိနစ် ၄၄ စက္ကန့်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၈၆ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ငဖဲမြို့၏ အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာ)မြောက်လတ္တီတွဒ် ၂၀ ဒသမ ၀၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၄၃ ဒီဂရီ၊ အနက် ၃၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းရရှိသည်။

ထို့အတူ ယနေ့ မွန်းလွဲ ၁ နာရီ ၃၂မိနစ် ၄၆ စက္ကန့်တွင် တောင်ငူ မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နတ်တလင်းမြို့၏အနောက်တောင်ဘက်၈ မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် ၁၈ ဒသမ ၃၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၄၆ ဒီဂရီ၊ အနက် ၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၃ ဒသမ ၂အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

မိုး/ဇလ