မြောင်းမြ ၁၉ မေ

 

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့သို့ ရောက်ရှိလာပြီး မြောင်းမြ ခုတင် ၂၀ဝ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ ဖြစ်သည့် အောက်ဆီဂျင်တိုင်း ကိရိယာ (၁)ခု ၊ အပူချိန်တိုင်းကိရိယာ (၁၂)ခု ၊ လက်ဆေးဂျယ် 500ml (၂၀)ဗူး ၊ လက်သန့်ဆေးရည် 500ml (၆၀)ဗူး၊ ဆေးရုံသုံး လက်အိတ်(၂၈၀)တို့အား မြောင်းမြ ပြည်သူ့ဆေးရုံနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဒုခရိုင်မှူး ဒေါက်တာစိုးသက်တို့ လက်ခံရယူကြသည်။

 

ဆက်လက်ပြီး မြောင်းမြမြို့ မြရွှေဝါခန်းမ၌ မြောင်းမြခရိုင်အတွင်းရှိ အငြိမ်းစား ရဲတပ်ဖွဲ့ဝင် (၅၆)ဦး တို့အား အငြိမ်းစားတစ်ဦးလျှင် ဆန်(၆)ပြည်၊ စားသုံးဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ကုလားပဲ (၅၀) ကျပ်သားနှင့် တပ်မတော်မှ ကိုယ်တိုင်ချုပ်လုပ်သည့် နှာခေါင်းစည်းများကို လည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် နှာခေါင်းစည်း (၄၅၀)နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အတွက် (၁၀ဝ၀) တို့ကို ပေးအပ်လှူဒါန်းရာ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မောင်မောင်စိုးနှင့် မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်တို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

သင်းရနံ့(မြောင်းမြ)