နမ့်စန်(တ) ၁၉  မေ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို လူစုလူဝေး မဖြစ်ပေါ်စေဘဲ စနစ်တကျထုတ်ယူနိုင်ရန်အတွက် မေ ၂၁ ရက်မှ စတင်၍ မြန်မာ့စီးပွားရေး ဘဏ်တွင် သတ်မှတ် ရက်များအလိုက ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်၍ မေ ၂၁ ရက်တွင် အမှတ် (၅)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများရှိ အငြိမ်းစားဝန်ထမ်းများကိုလည်းကောင်း၊ မေ ၂၂ ရက်တွင် အမှတ်(၁)ရပ်ကွက် နှင့် အမှတ်(၂)ရပ်ကွက် ရှိ အငြိမ်းစားဝန်ထမ်းများကိုလည်းကောင်း၊ မေ ၂၅ ရက်တွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ရှိ အငြိမ်းစားဝန်ထမ်းများကိုလည်းကောင်း နံနက် ၈နာရီခွဲ မှ ညနေ ၃နာရီအထိ ပင်စင်လစာများ အသီးသီးထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် နမ့်စန်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းဉီးရေ ၈၀ဝ ကျော်ရှိကြောင်း မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးထံမှ သိရသည်။

 

သူရအောင်(ပြန်/ဆက်)