မိုးညို ၁၉ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မေ ၁၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိ သူများသည် ယမန်နေ့က ကျေးရွာများအရောက်သွားရောက် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ သရက်ကုန်း ကျေးရွာနှင့် လဖျော်ပင်ကျေးရွာရှိ ပြိုလဲနေအိမ်(၃)လုံးနှင့်အမိုးလန်နေအိမ်(၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၄၇၀,ဝ၀ဝ)၊ ပြိုလဲနေအိမ်(၃)လုံးရှိ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၂၇,၃၀ဝ)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၉၇,၃၀ဝ)အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်နှင့်ဝန်ထမ်းများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)


