မြစ်ကြီးနား  ၁၉ မေ

 

ကချင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်းမှ အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို ယမန်နေ့က မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ရှိ  မြန်မာ-တရုတ်ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းရှေ့၌ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိန်ချုံးမြို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် အသုံးပြုရန် ကချင်အစိုးရအဖွဲ့ထံသို့ Mask (၁၈၀ဝ၀ဝ)ခု၊ ပိုးသတ်ဆေးရည် (၈)တန်၊ ရော်ဘာလက်အိတ် (၈၀ဝ၀)စုံ၊ PPE ဝတ်စုံ(၁၆၀)နှင့် ငွေကျပ် သိန်းနှစ်ရာအပါအဝင်၊  ဝိုင်းမော်မြို့အတွက် Mask (၁၀ဝ၀ဝ)ခု၊ ပိုးသတ်ဆေးရည် (၁)တန်၊ ရော်ဘာလက်အိတ် (၁၀ဝ၀)စုံ၊ PPE ဝတ်စုံ(၂၀)စုံနှင့် ငွေသားကျပ်သိန်းတစ်ရာနှင့် ကန်ပိုက်တီမြို့အတွက် Mask (၁၀ဝ၀ဝ)ခု၊ ပိုးသတ် ဆေးရည် (၁)တန်၊ ရောဘာလက်အိတ် (၁၀ဝ၀)စုံ၊ PPE ဝတ်စုံ(၂၀)စုံနှင့် ငွေကျပ် သိန်းတစ်ရာတို့ဖြင့် စုစုပေါင်း Mask (၂၀ဝ၀ဝ)ခု၊ ပိုးသတ်ဆေးရည် (၁၀)တန်၊  ရောဘာလက်အိတ် (၁၀ဝ၀ဝ)စုံ၊   PPE ဝတ်စုံ(၂၀ဝ)စုံနှင့် ငွေသားကျပ် သိန်းလေးရာကို ပေးအပ်လှူဒါန်းရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့သည်။

 

ဇယ်ဇောင်း(ပြန်/ဆက်)