နောင်ချို   ၁၉  မေ 

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ ဘူတာရပ်ကွက်၌ ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်း စားမိသားစုဝင် ၈၀ဝ အား အသင့်စားသုံးနိုင်သော ထမင်းနှင့်ဟင်းများ ဆက်လက်ပေးဝေ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့ညနေပိုင်းတွင် ကွယ်လွန်သူ ဦးညီညီအားရည်စူး၍ ကျန်ရှိသောမိသားစုဝင်များက လှူဒါန်းပေးခဲ့ပြီး စေတနာမွန်ပရဟိတအသင်းနှင့် ဖြူစင်မေတ္တာပရဟိအသင်းတို့က ဘူတာရပ်ကွက်၊ နယ်မြေ(၃)ရှိ အခြေခံလူတန်းစား မိသားစုဝင်ဦးရေ(၈၀ဝ) အား ထမင်း၊ အာလူးကြက်သားဟင်း၊ ပဲကြာဇံဟင်း၊ သရက်ချဉ်သုပ်၊ ငရုတ်သီး ကြော်တို့ဖြင့် လှူဒါန်းခဲ့သည်။ ယနေ့လှူဒါန်းမှုတွင် လုပ်အားဒါနအဖြစ် ရတနာသိဂႌထမင်းဆိုင်၊ လှသစ္စာထမင်းဆိုင်၊ ဒေါ်အုန်းကျင်တို့က ကူညီချက်ပြုတ်၍ အသင့်စားသုံးနိုင်ရန် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ် ပရဟိတအသင်းများအနေဖြင့် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် အခြေခံ လူတန်းစား မိသားစုများသို့ ဆက်လက်ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

       

  ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်