တနင်္သာရီ ၁၉ မေ

 

မြန်မာနိုင်ငံအတွင်း ကူးစက်မှုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ အခမဲ့ထုတ်ဝေသည့်COVID-19ရောဂါ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက မေ ၁၉ ရက် နံနက် ၇ နာရီမှ စတင်၍ လူစည်ကားရာ ဈေး၊ ကူးတို့ဆိပ်နှင့် လမ်းဆုံနေရာများတွင် ဈေးရောင်း/ဈေးဝယ်များ၊ ခရီးသွားပြည်သူများအား အခမဲ့ လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ဧပြီ ၁ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်သူများနှင့် လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးရာတွင် ပြောကြားချက်မှ ကောက်နှုတ်ချက်၊ COVID-19 ရောဂါအကြောင်းသိကောင်းစရာများ၊ ကူးစက်မှုမှ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊  သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ လူတိုင်းကြိုတင်ကာကွယ်ရေးအတွက် စနစ်တကျလက်ဆေးနည်း ၊ ဂီတနှင့်အနုပညာရှင်များ ကိုင်ဆောင်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက် ရောင်စုံဓာတ်ပုံ များပါရှိသဖြင့် ဈေးရောင်း/ဈေးဝယ်များ၊ ခရီးသွားပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှု နေကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)