ကံမ ၁၉ မေ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မေ ၁၈ ရက် နံနက်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့်  မီးဘေးသင့်အိမ်ထောင်စု (၆) စုနှင့်  ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့် အိမ်ထောင်စု (၇) စုတို့အား  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

ထိုသို့  ထောက်ပံ့ပေးအပ်ရာတွင်  မီးဘေးသင့်အိမ်ထောင်စု (၆) စုတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၁၁) သိန်း၊ ဆန်ရိက္ခာဖိုး  လေးသောင်းနှစ်ထောင်ကျပ်၊  ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့် လေဘေးသင့်အိမ်ထောင်စု (၇) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး  (၁၇၉၆၀၀) ကျပ် တို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်း၊ သရက်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်မြတ်ထွေး တို့က ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးဇော်ဝင်းက  တိုင်းဒေသကြီးလွှတ်တော် ရန်ပုံငွေမှ  နွမ်းပါးသည့် မီးဘေးသင့်အိမ်ထောင်စု (၁)စု အား ငါးသောင်းကျပ် ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

 ကျော်ဇေယျဝင်း(ကံမ)