ကော့ကရိတ် ၁၉ မေ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ ပြည်တွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Community Based Quarantine တွင် (၂၁) ရက် နေထိုင်လျက်ရှိသည့် ပြည်သူများကို သွီးသဟဇာတ လူငယ်အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့သွားရောက် ထောက်ပံ့ရာတွင် NRC မှ ထောက်ပံ့လှူဒါန်းသော စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် သွီး သဟဇတ လူငယ်အဖွဲ့မှ ကော့ကရိတ်မြို့ လိုင်ဝကျေးရွာဓမ္မာရုံ၊ အမှတ် ၄ ရပ်ကွက် ဓမ္မာရုံ၊ အမှတ် ၇ ရပ်ကွက် အမကကျောင်းတို့တွင် ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Community Based Quarantine ဝင်ရောက်နေသူ စုစုပေါင်း ၁၉ ဦးအား ၁ ဦး လျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ဆပ်ပြာတစ်တုံး၊ ခြင်ထောင်၊ ခေါင်းအုံး၊ စောင်၊ ဖျာ (၁) ခုစီအား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် မြို့ပေါ်ကျေးရွာမှ Quarantine ဝင်ရောက်နေသည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)