ပိုင်ကျုံ  ၁၉ မေ 

 

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ရှိ ကျမ်းစာကျောင်းလမ်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တံတားတစ်စင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါတံတားကို Tun N Family ကုမ္မဏီက ဧပြီလမှစတင်၍ တာ၀န်ယူ ဆောက်လုပ်လျက်ရှိ‌ပြီး ၎င်းတံတားမှာ အကျယ် (၁၄)ပေ၊ အရှည်ပေ ၃၀ ရှိကြောင်း သိရသည်။ 

 

ယင်းတံတား ဆောက်လုပ်ပြီးစီးပါက ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်မှ နောင်ခလုံးကျေးရွာအုပ်စု ပညာပလီးကျေးရွာနေ ပြည်သူများအတွက် ပိုမိုအဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)