၁၉ မေ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မတ်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၆၂ ဒသမ ၆၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၅၂ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၁၅ ဒသမ ၁၄ သန်း ဖြစ်ပါသည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀၄ ဒသမ ၇၃ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄၁ ဒသမ ၃၇ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၉၄၆ ဒသမ ၁၀ သန်း ဖြစ်သည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မတ်လအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄၆၁ ဒသမ ၂၄ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၃၀ ဒသမ ၉၆ သန်း ဖြစ်ပေါ်ခဲ့သည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၅၂၃ ဒသမ ၀၃ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၇၄၄ ဒသမ ၃၈ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၂၆၇ ဒသမ ၄၁ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၀၅၃ ဒသမ ၃၈ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၂၇ ဒသမ ၇၇ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၆၈၁ ဒသမ ၁၅ သန်း ဖြစ်သည်။ 

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၉၉၄၈ ဒသမ ၅၆ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၁၃ ဒသမ ၇၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။ 

 

သတင်းစဉ်