ပင်လောင်း ၁၉ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ရှိ နှစ်ပေါင်း (၁၀၂) နှစ်သက်တမ်းရှိ ဟော်နန်းကြီး၏ ကျန်ရှိသည့် အရှေ့ဘက်မျက်နှာစာနှင့် ဘုရားခန်းသည် ယနေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်က ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ပင်လောင်းဟော်နန်းသည် ပင်လောင်း-လွိုင်ကော် ကားလမ်းမ အရှေ့ဘက် အရှေ့ရပ်ကွက်အတွင်း ကားလမ်းမကြီး နှင့် ကိုက်(၅၀၀)အကွာအဝေးတွင် တည်ရှိပြီး နှစ်ထပ်အဆောက်အဦးဖြစ်ကာ အကျယ်အဝန်းမှာ ပေ ၁၅၀.၂၀၀ ခန့်ရှိကြောင်း၊ အဆောက်အဦသည် သစ်သားဖြင့် ဆောက်လုပ်ထားပြီး အတက်လှေကားနှင့် အောက်ဘေးဘက် အခန်းနှစ်ခန်းကို သဘာဝကျောက်သားများအား အုတ်ခဲကဲ့သို့ ခုတ်ဖြတ်ပြီး တည်ဆောက်ထားကြောင်း သိရသည်။
အဆိုပါ ဟောနန်းသည် ၂၀၀၆ ခုနှစ် မေလတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် များစွာပျက်စီးခဲ့ပြီး ဟော်နန်း၏ အရှေ့ဘက် မျက်နှာစာနှင့် ဘုရားခန်းသာ ကျန်ရှိခဲ့ရာ ယနေ့တွင် လေပြင်းတိုက်ခတ်မှု မရှိသော်လည်း နှစ်ပေါင်း(၁၀၂)နှစ်ကြာပြီဖြစ်၍ ပြုပြင်မှုများမရှိသည့်အတွက် ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ ဟော်နန်းကြီးကို ပင်လောင်းမြို့စား ခွန်ခမ်းချုပ် က ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်နေထိုင်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


