နေပြည်တော်  ၁၉  မေ

 

ကရင်ပြည်နယ်အတွင်းရှိ ရဲဝန်ထမ်းဟောင်း(အငြိမ်းစား)များအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်ဇနီး ဒေါ်ရွှေဇင်ထွန်းတို့အဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်က ဘားအံမြို့၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်က ကိုဗစ်-၁၉ ကာလ အငြိမ်းစားတပ်ဖွဲ့ဝင်များ လိုအပ်မည့် အခြေခံ စားကုန်များ ထောက်ပံ့ရသည့်အကြောင်းအား ရှင်းလင်းပြောကြားပြီး ရဲမှုထမ်းဟောင်း(၁၀၀)အား တစ်ဦးလျှင် ဆန်(၅)ပြည်၊ (၄)ဘူး၊ ဆီ(၃၂)ကျပ်သား၊ ဆား(၂၅) ကျပ်သား၊ ကုလားပဲ(၄၈) ကျပ်သားတို့ကို ထောက်ပံ့ပေးသည်။

 

ရိက္ခာထောက်ပံ့ပေးအပ်ပွဲသို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် အောင်မြတ်မိုး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မြင့်ကြည် ဦးစီးတပ်ဖွဲ့ဝင်များ၊ ပြည်နယ် ရဲမှူးထမ်းဟောင်း ဥက္ကဋ္ဌ ဦးကျော်ထွန်း (ဒုတိယ ရဲမှူးကြီး-ငြိမ်း)၊ အတွင်းရေးမှူး ဦးတင်ထွန်း (ရဲတပ်ကြပ်-ငြိမ်း)နှင့် ရဲမှူး ထမ်းဟောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)