နေပြည်တော်  ၁၉  မေ

 

ကိုရီးယားသမ္မတနိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့  ကိုဗစ်-၁၉  ဓာတ်ခွဲပစ္စည်းများ လှူဒါန်းရာ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် () နေပြည်တော်၌ လက်ခံသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆွန်းဟွာက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် -19 ကို တိုက်ဖျက်ရာတွင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားဘဝ လုံခြုံရေး (human security) ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ကာလအလွန်တွင် လူသားဘဝလုံခြုံမှုကို ဗဟိုပြုသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် ဦးဆောင်ကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယမန်နှစ်က ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီးနောက် မြန်မာ-ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံ၏ ချစ်ကြည့်ရင်းနှီးမှုမှာ ပိုမိုအဆင့်မြင့်မား ခိုင်မာလာခဲ့ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ချစ်ကြည်ရင်းနှီးစွာ၊ အပြန်အလှန် ယုံကြည်မှုပြည့်ဝစွာဖြင့် ဆက်လက်ပံ့ပိုး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဆိုင်ရာ ကျန်းမာရေးအသိပညာများ ကြွယ်ဝလာခြင်း၊ စေတနာရှင်များ၏ လှူဒါန်းမှုများကြောင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ပိုမိုရရှိခြင်း၊ ဆေးရုံများရှိ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်ခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်လာခြင်းတို့အပြင် ပြည်သူများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း အကျိုးကျေးဇူးများကို ရရှိပါကြောင်း၊ အဆိုပါအချက်များသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်အတွက်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင်လည်း ယနေ့လှူဒါန်းမှုများ အပါအဝင် ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတနိုင်ငံ အစိုးရကိုယ်စား ကိုရီးယား သမ္မတနိုင်ငံသံ အမတ်ကြီး မစ္စတာ လီဆွန်းဟွာ၊ KOICA Myanmar ကိုယ်စား KOICA Myanmar Chief Representative Ms. Lee Youn-Soo နှင့် Hyundai Engineering and constructions Co.ltd မှ ကိုယ်စားလှယ်တစ်ဦးတို့၏ လှူဒါန်းမှုများအား လက်ခံပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။

 

ကိုရီးယား သမ္မတနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ (500,000) တန်ဖိုးရှိဓာတ်ခွဲ test kit များ၊ KOICA Myanmar မှအမေရိကန်ဒေါ်လာ (50,000) တန်ဖိုးရှိ RNA Extraction Kit များနှင့် Hyundai Engineering and constructions Co.ltd မှ အမေရိကန်ဒေါ်လာ (52,500)တန်ဖိုးရှိ ဓာတ်ခွဲနမူနာထည့်ပိုးသည့် Viral Transport Media (15,000)ခု တို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် () နေပြည်တော်၌ အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများကို လက်ခံသည်။

 

ရှေးဦးစွာ အလှူရှင်များကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့မှ ဆရာတော်တစ်ပါးက လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လှူဒါန်းမှုများအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။

 

ယနေ့ လှူဒါန်းမှု၌ -အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့မှ ငွေကျပ် (၁၀၀) သိန်း၊ လူမှုကွန်ရက်မှ အများပြည်သူများက ငွေကျပ် (၂၀၈) သိန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (/၂၀၁၆) သင်တန်းသား/ သင်တန်းသူများက ငွေကျပ် (၁၁) သိန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်မှု အမှတ်စဉ် (/၂၀၁၈) အုပ်စု() တန်းခွဲ () သင်တန်းသား/သင်တန်းသူများက ငွေကျပ် ()သိန်း ()သောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်လေးညိုနှင့် ဝန်ထမ်းများက ငွေကျပ် () သိန်း ()သောင်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)